ပုံသေအလုပ်ချိန်ကို မနှစ်သက်လျှင် အိမ်မှနေ၍လုပ်နိုင်မည့် အလုပ်ကို ရှာဖွေနိုင်သည်။ အိုင်တီနည်းပညာများကြောင့် လူများမှာ အလုပ်ဖိုင်များကို အွန်လိုင်းမှတစ်ဆင့် မျှဝေလာနိုင်သည်။ လူမှုကွန်ယက်ပေါ်တွင်ဈေးကွက်ရှာဖွေခြင်းနည်းလမ်း (Social Media Marketing) သည် တစ်စထက်တစ်စ ပိုမိုခေတ်စားလာသဖြင့် အလုပ်ချိန်ကို လိုသလိုပြောင်းလဲနိုင်ပြီး လွတ်လပ်စွာလုပ်နိုင်သော အလုပ်များကို ၎င်းနယ်ပယ်ထဲတွင် ရှာဖွေလုပ်ကိုင်နိုင်သည်။

buying a home

အောက်ပါတို့မှာ အလွတ်တန်းကိုယ်ပိုင်အလုပ်တစ်ခုကို အောင်မြင်အောင် စီမံခန့်ခွဲရေးအတွက် လမ်းညွှန်ချက်များဖြစ်သည်။

မိမိတန်ဖိုးကို မိမိသိပြီး ယင်းတန်ဖိုးအရ ကျသင့်ငွေတောင်းခံပါ။ အလွတ်တန်းကိုယ်ပိုင်အလုပ်လုပ်ပါက အခြားသူများ တောင်းခံလေ့ရှိသည့် ကျသင့်ငွေကို သိရန်လိုသည်။ သို့မှသာ အပ်နှံလာသည့်အလုပ်တစ်ခုအတွက် မည်မျှတောင်းခံရမည်ကို သင့်အနေဖြင့် ဆုံးဖြတ်နိုင်မည်။

စာချုပ်များ အသုံးပြုပါ။ အလုပ်၏ သဘောသဘာဝသည် လိုက်လျောညီထွေမှုရှိသည်မှန်သော်လည်း အငြင်းပွားမှုတစ်စုံတစ်ရာပေါ်လာပါက ဖြေရှင်းနိုင်ရန်အတွက် သဘောတူထားသည့်အချက်များကို စာချုပ်ထဲတွင် ထည့်ချုပ်သင့်သည်။ စာချုပ်သည်ပင် သင်၏တာဝန်များနှင့် အလုပ်အပ်သူ၏တာဝန်များကို သေချာစွာသတ်မှတ်ပေးသည်။ စာချုပ်ထဲတွင် လုပ်ငန်းအတိုင်းအတာ၊ ပြီးစီးရန် အချိန်ကာလနှင့် ငွေပေးချေမှုဆိုင်ရာအသေးစိတ်အချက်များ ပါဝင်ရမည်။ အလုပ်အပ်သူက ပြင်ဆင်ထားသော စာချုပ်ဖြစ်ပါက သင်၏အကျိုးစီးပွားကို သေချာစွာကာကွယ်နိုင်ရေးအတွက် လက်မှတ်မထိုးမီအချိန်တွင် စာချုပ်ကိုသေချာဖတ်ရှုပြင်ဆင်ပါ။  

သင်၏ငွေစာရင်းတွင် အရေးပေါ်သုံးငွေထားရှိပါ။ အလွတ်တန်း အလုပ်အကိုင်ဆိုသည်မှာ သဘောသဘာဝအရ ပုံမှန်ဝင်ငွေ မရှိတတ်ပေ။ အလုပ်အပ်နှံခြင်းမရှိသည့် ကာလများလည်း ရှိမည်ဖြစ်ကာ ထိုကာလများအတွက် ငွေစုဆောင်းထားခြင်းမျိုး ဆောင်ရွက်ထားရန်လိုသည်။

ကုန်ကျစရိတ်နှင့် ငွေပေးချေမှုများကို လုံလရှိရှိ ခြေရာခံပါ။ သင်၏ဝင်ငွေထက် ပိုမသုံးမိပါစေနှင့်။ သင်၏ဝင်ငွေ၊ ထွက်ငွေကို အသေအချာ စောင့်ကြည့်မှတ်တမ်းတင်ပါ။

နောက်ထပ်လာမည့်အခွင့်အရေးကို အမြဲရှာဖွေပါ။ နောက်ထပ်အပ်နှံလာမည့်အလုပ်အတွက် အခွင့်အရေးများကို သင်သည် အမြဲရှာဖွေနေရမည်ဖြစ်သည်။ အလုပ်အပ်သူတစ်ဦးတည်းက သင့်ထံ အလုပ်အမြဲအပ်နှံမည်မဟုတ်သောကြောင့် သင့်အနေဖြင့် အလုပ်အပ်သူအသစ်များ၊ အလုပ်အသစ်များကို အစဉ်ရှာဖွေနေရမည် ဖြစ်သည်။

မျှဝေမည်